RC Garage MM – Your One-Stop RC Destination!
Drift Package RTR Mercury SAYAKA Special S15 Complete Car with Gyro
Original price was: Ks1,750,000.00.Ks1,670,000.00Current price is: Ks1,670,000.00.

Yokomo အမှတ်တံဆိပ်၏ နာမည်ကျော် Rookie Drift RD2.0 ကို အခြေခံထားသည့် Mercury SAYAKA Special (S15) Drift RC ကား အစုံလိုက် (RTR Set) ဖြစ်ပါသည်။ ဤကားသည် နာမည်ကြီး Drift မောင်းနှင်သူ Sayaka Shimoda ၏ ကားဒီဇိုင်းအတိုင်း ဖန်တီးထားခြင်း ဖြစ်ပါသည်။
Yokomo Rookie Drift RD2.0 – Mercury SAYAKA Special (S15) RTR Set
RC Drift ကို အခုမှ စတင်ကစားမည့်သူများအတွက် အထူးအကြံပြုလိုသော Ready-to-Run (အသင့်မောင်း) အစုံလိုက် ဖြစ်ပါသည်။ Beginner များအတွက် ခက်ခဲသော ကားတပ်ဆင်ခြင်း၊ စက်ပစ္စည်းတပ်ဆင်ခြင်းနှင့် ကိုယ်ထည်ဆေးခြယ်ခြင်း အဆင့်များကို အားလုံးအပြီးအစီး ပြုလုပ်ပေးထားပါသည်။
[အဓိက ထူးခြားချက်များ]
-
Sayaka Special Design: လူကြိုက်များသော Drift Driver “Sayaka Shimoda” ၏ Mercury S15 ကားအလှကို အစစ်အတိုင်း ပုံဖော်ထားပါသည်။ ရှုပ်ထွေးသော Graphics များနှင့် Decals (စတစ်ကာ) များကိုလည်း ကိုယ်ထည်ပေါ်တွင် ကပ်ပေးထားပြီးသား ဖြစ်ပါသည်။
-
RD2.0 Chassis အခြေခံ: နောက်ဆုံးထွက် RD2.0 chassis ကို အခြေခံထားသောကြောင့် အစိတ်အပိုင်း ၉၀% ကျော်မှာ အခြား Model များနှင့် တူညီပါသည်။ ထို့ကြောင့် အပိုပစ္စည်း (Spare Parts) ရှာဖွေရလွယ်ကူပြီး Upgrade လုပ်ရန် Optional Parts များလည်း အစုံအလင် ရှိပါသည်။
-
High-angle Steering: ဘီးအကွေ့အဝိုက် (Steering Angle) အလွန်ကျယ်သောကြောင့် အကွေ့ပြင်းပြင်းများတွင် Drift ကို စိတ်ကြိုက် ထိန်းချုပ်မောင်းနှင်နိုင်ပါသည်။
-
Stability: လွတ်လပ်သော ဆိုင်းဘက်စနစ် (Independent Suspension) နှင့် Friction Shock များပါဝင်သောကြောင့် လမ်းမျက်နှာပြင်တုန်ခါမှုကို စုပ်ယူပေးပြီး တည်ငြိမ်စွာ မောင်းနှင်နိုင်ပါသည်။
[RTR Set အတွင်း ပါဝင်သော ပစ္စည်းများ]
■ Ready-to-Run: ဝယ်ယူပြီးသည်နှင့် အသင့်မောင်းနှင်နိုင်သော အစုံလိုက် ■ 2.4GHz System: လိုင်းငြိခြင်းမရှိသော Transmitter နှင့် Receiver ■ Drift Motor: Drift အတွက် အထူးထုတ်လုပ်ထားသော 27-turn မော်တာ ■ Steering Gyro: Drift ဆွဲရာတွင် ဘီးကို အလိုအလျောက် ထိန်းကျောင်းပေးမည့် Gyro စနစ်း ■ SAYAKA S15 Body: ဆေးခြယ်ပြီးသား Mercury SAYAKA Special (S15) ကိုယ်ထည် ■ Drift Tires & Wheels: Drift သီးသန့်တာယာနှင့် ဘီးများ
[သီးသန့်ပြင်ဆင်ရန် လိုအပ်သည့် ပစ္စည်း]
-
Remote (Transmitter) အတွက် AA ဘက်ထရီ ၄ လုံး / ■ Battery :ာ Ni-MH ဘက်ထရီနှင့် USB အားသွင်းကြိုသီးသန့်လိုအပ်ပါသည်။











Reviews
There are no reviews yet.